ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးသူ‌ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ခရမ်း ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က နေ့စဉ်စားသုံးနေသော အစားအစာများ စားသုံးရာတွင် လိုက်နာရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ အွန်လိုင်းမှတ်ပုံတင်ခြင်း၊ ရောင်းဝယ်ခြင်း၊ အွန်လိုင်းဈေးဝယ်ရာတွင် ဆောင်ရန်/ရှောင်ရန် အချက်များအား ဟောပြောခဲ့ပါသည်။

အသိပညာပေးဟောပွဲအပြီးတွင် ပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခင်နှင်းဝေ (ပြန်/ဆက်)