ပလောက်မြို့ အမှတ် (၁၂) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅/၂၀၂၄) ဆင်းပွဲအခမ်းအနား ကျင်းပ

ပလောက် နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅/၂၀၂၄) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။

ဆင်းပွဲအခမ်းအနားသို့ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိစစ်သည်များနှင့် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က ဆင်းပွဲအခမ်းအနားမိန့်ခွန်း ပြောကြားခဲ့၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအား စက်တင်ဘာလ (၉) ရက်နေ့မှ နိုဝင်ဘာလ (၂၉) ရက်နေ့အထိ ရက်သတ္တပတ် (၁၂) ပတ် ဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းတွင် ဆုရရှိသူများအား အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က ဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)