ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်နှင့် တာဝန်ရှိသူများမှ တံတားဦးမြို့ ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၁၇၆.၈၆)သန်းဖြင့် Asia Destiny ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ပြူကန်-မြို့သာလမ်း  လမ်းအရှည်(၀/၄.၅ )မိုင် ၊ အကျယ်(၁၂)ပေ၊ အမြင့် (၁၅)လက်မထု ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား  နိုဝင်ဘာလ(၂၇)ရက်နေ့ နေ့လည်ပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်နှင့်အတူ ကျောက်ဆည်ခရိုင်  လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်စန်းစန်းဝါ ၊ တံတားဦးမြို့နယ် ဦးစီးအရာရှိ(မြို့ပြ) ဒေါ်သန္တာဝင်းနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများလိုက်ပါ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးကိုအခြခံပြီး ပြည်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရေး တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ တွဲဖက် လုပ်ကိုင်လျက်ရှိရာ ဆိတ်မွေးမြူသူများ အဆင်ပြေလက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ ရှရှားနိုင်ငံထုတ် ရွက်ဖျန်းမြေဩဇာဖြင့် ဆောင်းနေကြာစိုက်ခင်းအား ဆေးဖျန်းခြင်းသရုပ်ပြ အခမ်းအနားသို့ ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်းဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ ကွင်းအမှတ် (၂၂၅/ဃ)၊ ဦးပိုင်အမှတ်(၂၄) သမဝါယမအသင်းသား တောင်သူဦးကျော်လင်း၏ ရေဆင်းစပ်မျိုး(၁) ဆောင်းနေကြာစိုက်ခင်းအား ရှရှားနိုင်ငံထုတ် ရွက်ဖျန်းမြေဩဇာဖြင့် ဆေးဖျန်းခြင်း သရုပ်ပြပွဲ အခမ်းအနားသို့ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မကွေးတက္ကသိုလ်၏ (၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မကွေးတက္ကသိုလ်(နေ့သင်တန်း)နှင့် ၂၀၂၃ ပညာသင်နှစ် မကွေးတက္ကသိုလ်(အဝေးသင်သင်တန်း)တို့၏ (၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိသည်။

ပခုက္ကူမြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ပခုက္ကူမြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ ပခုက္ကူ နိုဝင်ဘာ ၂၉ ခရိုင်(ပြန်/ဆက်)

ကျွန်းစုမြို့တွင် ဆိုလာလျှပ်စစ်စီမံကိန်းနှင့် အသေးစားရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူ သဘောထားရယူခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် New Myanmar Renewable Energy Company Limited မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆိုလာလျှပ်စစ်စီမံကိန်းနှင့် အသေးစား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူ သဘောထားရယူခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီခွဲ အချိန်က ကျွန်းစုမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရုံး၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အားတွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC)ရုံး၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ကော့သောင်းမြို့သို့ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်ဝင်ရောက်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများအား ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ၊ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် တာဝန်ရှိအဖွဲ့အစည်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား (၁၅၈)ဦး၊ အမျိုးသမီး(၃၀)ဦး စုစု‌ပေါင်း (၁၈၈)ဦး ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ကမ်း အမှတ်(၂) သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ပြင်ဦးလွင်မြို့နယ် တန်ခူးခင်ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြော‌ ဆွေး‌နွေးပွဲကျင်းပ

လူငယ်ကဏ္ဍကို မြှင့်တင်‌‌ဆောင်ရွက်စေရန်နှင့် လူငယ်များစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောဆွေးနွေးပွဲကို ယနေ့‌ နံနက် (၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် တန်ခူးခင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာရှေးဦးစွာ တန်ခူးခင်ကိုယ်ပိုင်အထက်တန်း‌ကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားသည်။

စဉ့်ကိုင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HVP)နှင့်၊ ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး (DT) ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးဌာနသည် အ.မ.က(ရန်နိုင်)ကျောင်း၊ အ.မ.က(မြို့မ) အ.လ.က(ခွဲ)တရုတ်စု၊ အ.ထ.က (စဉ့်ကိုင်) ကျောင်းနှင့် မြတ်စေတနာကိုယ်ပိုင်အထက်တန်း‌ကျောင်းများသို့ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို  ယမန်နေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Subscribe to