မော်လမြိုင်ကျွန်း နိုဝင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားကို ကမ္ဘာတစ်ဝန်းမှာ နှစ်စဥ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံအနေနှင့် ၂၀၁၈ ခုနှစ်မှစ၍ နိုင်ငံတော်အဆင့် နှစ်စဥ်ကျင်းပဆောင်ရွက်လျက်ရှိပြီး (၁၆) ရက်တာလှုပ်ရှားမှုဟု လူသိများသောနေ့သည် ကျား/မ ဖြစ်ခြင်းကိုအခြေခံ၍ ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများပပျောက်ရန်အတွက် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး မုန့်လုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အမှတ် (၉) ရပ်ကွက်၊ အောင်ရိပ်သာလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် အမျိုးရေးရာအဖွဲ့ဝင် ဒေါ်မေဖူးအောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းနှင့် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ ဒေသအတွင်းနှင့် နိုင်ငံတကာမှ ဆောင်ရွက်နေသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို ပိုမိုသိမြင်လာစေရန် စသည့်အကြောင်းအရာများရှင်းလင်းပြောခဲ့ပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်မက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနအိမ်တွင်းမှု သက်မွေးပညာသင်ကျောင်း လက်ထောက်နည်းပြ ဒေါ်စန္ဒာဆွေဦးက တက်ရောက်လာကြသော အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ သင်တန်းသားများအား လေးထပ်ကျောက်ကျော၊ ရွှေဖရုံသီဆနွင်းမကင်း၊ ခင်လေးပူဆာ စသည့် အိမ်တွင်းမုန့်လုပ်နည်း အခြေခံများကို အသေးစိတ်ရှင်းလင်း သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန် /ဆက်)