ဆိပ်ဖြူမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းဆောင်ရွက်

ဆိပ်ဖြူ နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း၌ စိုက်ပျိုးထားရှိသည့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီကပြုလုပ်သည်။

ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း တောင်သူ ဒေါ်ထားထားအေး ကွင်းအမှတ် ၁၁၂၃ ၊ ကွင်းအမှတ် ၁၄၃/၁ ဧရာမင်း မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် သက်ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ မိုးစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက မိုးစပါးစံကွက်စိုက်ပျိုးရသည့် အကြောင်းအရင်းနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုနည်းပညာများကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး တောင်သူ ဒေါ်ထားထားအေး၏ မိုးစပါးစံကွက်ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။ ဧရာမင်း မိုးစပါး စံကွက်ရိတ်သိမ်းရာ၌ စပါးအစို ၁၁၈ ဒဿမ ၇၅ တင်းထွက်ရှိကြောင်း၊ ဆိပ်ဖြူမြို့နယ်အနေဖြင့် မိုးစပါးစိုက်ဧက  ၁၀၅၃၆ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ပြီး  ရိုတ်သိမ်းပြီး  ၁၀၄၂ ဧကဖြစ်ကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရာ၌ စိုက်ခင်းများ အောင်မြင်ထွန်း၍ အထွက်နှုန်းသင့်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများထံမှ သိရသည်။

ကိုဇွဲ(အညာမြေ)