မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝန်ထမ်းစာဖတ်ဝိုင်း ကျင်းပ

မအူပင် နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝန်ထမ်းစာဖတ်ဝိုင်အား ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာ‌ထွေးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ စာ‌ပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ ယခုလိုစာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် စာရေးဆရာ ကျော်ကျော်သန်း (မဟာဝိဇ္ဇာ) ရေးသားထားသည့် သတိနှင့်စည်းကမ်းစာအုပ်မှ စည်းကမ်းနှင့်စွမ်းရည်မြင့်မားမှု ဆောင်းပါးအား ဖတ်ရှုရှင်းလင်းပြီး ဝန်ထမ်းများမှ မှတ်သားထားသည့်အချက်များအား မေးမြန်းဆွေးနွေးခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာ‌ထွေးမှ ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား လမ်းညွှန်ဆွေးနွေးခဲ့ကြသည်။

‌မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝန်ထမ်းစာဖတ်ဝိုင်းများသာမက၊ စာပေဝါသနာရှင်များ ပြုလုပ်သည့် စာဖတ်ဝိုင်းများ၊ သင်တန်းများ၊ ပြိုင်ပွဲများ၊ ပြပွဲများ၊ အသိပညာပေး Talk Show များအား လစဉ် စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                

အောင်မြင့်မြတ်(ပြန်/ဆက်)