အိမ်မဲ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်းရှိပြည်သူများ စားသောက်ကုန်များ ဝယ်ယူရာ၌ အဆင်ပြေစေရေးအတွက် ကြက်ဥများကို စျေးလျော့ချ၍ ယမန်နေ့ နံနက်ပိုင်းတွင် အခွန်လွတ်စျေး ၌ဆက်လက် ရောင်းချပေးခဲ့သည်။
ထိုကဲ့သို့ ရောင်းချခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ အခွန်လွတ်စျေးတွင် ကြက်ဥ(၁)လုံးလျှင် (၃၅၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ အနီးပတ်ဝန်းကျင်ရပ်ကွက်များမှ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါရောင်းချခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)