ကျွန်းစု နိုဝင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ငှက်ဖျားအဖြစ်များသော ကျေးရွာများသို့ တာရှည်ခံဆေးစိမ်ခြင်ထောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ အဆိုပါကျေးရွာများ၏ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဖြန့်ဝေရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးက ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့ (URC) နှင့် “နေ” လူထုကျန်းမာရေးအဖွဲ့ (SCH) မှ တာရှည်ခံဆေးစိမ်ခြင်ထောင် ၄၅၄၀ လုံးအား ငှက်ဖျားရောဂါအဖြစ်များသော ကျေးရွာ (၁၈) ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဌာနခွဲများမှ တာဝန်ရှိသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ တာရှည်ခံဆေးစိမ်ခြင်ထောင်များအား ကျေးရွာ (၁၈) ရွာရှိ ဒေသခံပြည်သူများ လက်ဝယ်အရောက် ငှက်ဖျားဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆက်လက်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)