လသာ နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးပြီးအခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ သက်ငယ်မုဒိန်းမှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က (အ-ထ-က(၁)လသာ) ဗဟိုစံပြခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နန်းချိုချိုအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဥပဒေအရာရှိဒေါ်နှင်းပွင့်ဖြူက သက်ငယ်မုဒိန်းမှုနှင့်စပ်လျဥ်းသည့် ဥပဒေများ၊ သက်ငယ်မုဒိန်းမှုကြိုတင်ကာကွယ်နိုင်ရေးအတွက် မုဒိန်းမှုဖြစ်ပွားခဲ့သော ဖြစ်စဥ်များအား ဗဟုသုတဖြစ်ဖွယ် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိနှင့်ဝန်ထမ်းများ၊ ကျောင်းဆရာမများနှင့် ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)