တောင်တွင်းကြီးမြို့နယ်တွင် အသက် (၆၂) နှစ်ပြည့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား (၁၆ )ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပ

တောင်တွင်းကြီး နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အသက် (၆၂) နှစ်ပြည့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား (၁၆) ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ()နာရီအချိန်က မြို့မအခြေခံပညာအလယ်ကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေယျာလင်းက နှစ်စဥ်ကျင်းပမြဲဖြစ်သည့်  အာစရိယဂုဏပူဇာသဘင် ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်ကူညီကြသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့မ အ..က ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးခင်မောင်ရင်က ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဇော်အား အလှူငွေများ ပေးအပ်ခြင်း၊ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခြင်း၊ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူဟောင်းများက ကန့်တော့ခံငွေနှင့် ပစ္စည်းများကို လက်ဝယ်အရောက် ပူဇော်ကန်တော့ခဲ့ကာ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ၏ ကိုယ်စား အငြိမ်းစားဆရာကြီးတစ်ဦးမှ ဆုပေးစကား၊ ဆုံးမစကားများ ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)