သာကေတမြို့နယ် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ ရေးသူ၊ ဖတ်သူဆွေးနွေးခြင်း စာဖတ်ဝိုင်း ပြုလုပ်

သာကေတ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ မန်နေ့မွန်းလွဲ ၃ နာရီအချိန်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ရေးသူ၊ ဖတ်သူဆွေးနွေးခြင်း စာဖတ်ဝိုင်းအား ကျင်းပခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်နိုးမြတ်သူများအသင်း (Book Club) အသင်းတို့ ပူးပေါင်း၍ သုတ၊ ရသစာအုပ်စာပေများ လစဥ်မပြတ် ဆွေးနွေးခဲ့ရာ ယမန်နေ့၌ ဆွေးနွေးသည့်စာဖတ်ဝိုင်းတွင် သိုက်စိုးထွန်း (နတ်ရွာ)​ ရေးသားထားသည့် လူငယ်​တွေကို ယုံကြည်ပါ စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ​ဒေါ်မို့မို့သူ၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးမတ်၊ ဥက္ကဋ္ဌ စာရေးဆရာမ နန်းဟင်းပြင်းတို့မှ မုဒိတာစကားများနှင့်အတူ လူငယ်​တွေကို ယုံကြည်ပါ စာအုပ်၏အနှစ်သာရကို ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာရေးဆရာ၊ ဆရာမများက လူငယ်နှင့်နိုင်ငံ​ရေး၊ လူငယ်​တွေစာဖတ်မှဖြစ်မယ်၊ လူငယ်နှင့်လူမှုကွန်ရက်​ခေါင်းစဥ်ပါ အ​ကြောင်းအရာများကို ဆွေးနွေးကြပြီး စာပေဝါသနာရှင်များက လူငယ်​တွေကို ယုံကြည်ပါ စာအုပ်ပါအ​ကြောင်းအရာများအား ကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီး ရေးသူ၊ ဖတ်သူစာဖတ်ဂိုင်းအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)