ပွင့်ဖြူ နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားနပ်ရိက္ခာဖူလုံစေရန်နှင့် ပဲမျိုးစုံသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေးအတွက် ဒေသခံတောင်သူများက ထောပတ်ပဲသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၇၇၃၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့ထိ ၉၆၂၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ် စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားရေးအတွက် ထောပတ်ပဲသီးနှံ ၇၇၃၂ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက လျာထားစိုက်ဧက ပြည့်မီစေရန် ယခုနှစ် အောက်တိုဘာ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ထောပတ်ပဲ ၉၆၂၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ်စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေဖို့နှင့် တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် ရည်ရွယ်ပြီး ထောပတ်ပဲသီးနှံ ၇၇၃၂ ဧက လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့ထိ ၉၆၂၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်လို့ သတ်မှတ်စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါကြောင်း၊ တောင်သူများကိုလည်း ထောပတ်ပဲ စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိအောင် မြေမှန်မျိုးမှန် စနစ်တကျ စိုက်ပျိုးကြရန်၊ သွင်းအားစုပစ္စည်းများ ဂရုတစ်စိုက် သုံးစွဲကြရန်၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းမှုများကို ကြိုတင်ဆောင်ရွက်ကြဖို့စသည့် တောင်သူပညာပေး လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းမှာ အဓိကအကျဆုံးက သီးနှံအရည်အသွေး ကောင်းမွန်အောင် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း ၊ GAP စနစ်နှင့် စိုက်ပျိုးခြင်း ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရာ၌ သဘာဝပိုးသတ်ဆေး ထုတ်လုပ်အသုံးပြုခြင်း ၊ အချိန်မီ ရိတ်သိမ်းခြင်းစသည့် နည်းစနစ်များကို စနစ်တကျ လိုက်နာ ဆောင်ရွက်နိုင်မည်ဆိုလျှင် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး သီးနှံအထွက်နှုန်းလဲ တိုးတက်စေမှာ ဖြစ်ပါကြောင်း" ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ထောပတ်ပဲသီးနှံ ၇၇၃၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ ၉၆၂၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ်စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းများ တိုးတက်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )