ချမ်းအေးသာစံမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊‌ ကဉ္စနမဟီရပ်ကွက်၊ ရွှေဘုံသာဘုရားဝင်းအတွင်း၌ မဟာအောင်မြေခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲအခမ်းအနားအား ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မဟာအောင်မြေခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်၀င်းဝင်းသန့်နှင့် အဖွဲ့၀င်များ၊ ချမ်းအေးသာစံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့၀င်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီတာဝင်းနှင့် သားဖွားဆရာမများ တက်ရောက်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက မွေးကင်းစမှ (၆) လ၊ (၆) လမှ (၁) နှစ်၊ (၁) နှစ်မှ (၁) နှစ်ခွဲ၊ (၁) နှစ်ခွဲမှ (၂) နှစ်၊ မွေးကင်းစမှ (၂)နှစ် အထိ အမွှာကလေးငယ်များနှင့် စံပြမိခင်များအား ပါဝင်ယှဉ်ပြိုင်စေပြီး ပြိုင်ပွဲ၀င်ကလေးငယ်များအား အရပ်၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ဆုရရှိကလေးငယ်များနှင့် စံ​ပြမိခင်အားဆုများ အသီးသီး ချီးမြှင့်ပေးခဲ့သည်။

အောင်ဇော်မင်း