နတ်မောက် ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစိတ်ချမှုရှိစေရန်နှင့် ဈေးကြီးအတွင်းကျူးကျော်ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးအသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဈေးတာဝန်ခံများနှင့် အတူဈေးအတွင်း၊ အပြင်ရှိဈေးဆိုင်များ၊ ဈေးကြီးမီးဘေး လုံခြုံမှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသော အထောက်အကူပြုပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ ရေလှောင်ကန်များတွင် လွယ်လင့်တကူ ရေရယူသုံးစွဲနိုင်ရေး ရေဖြည့်တင်ထားရှိခြင်း ရှိ/မရှိ၊ ဈေးဝန်းကျင်ကျူးကျော်ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ၊ ဈေးအဝင်အထွက်လမ်းများ၌ သွားလာရေးအဆင်ပြေစေရန်၊ ဈေးဆိုင်ခန်းများတွင် အမိုးအကာများဖြင့် ပိတ်ဆို့ရောင်းချမှု ရှိ/မရှိ၊ ဈေးအတွင်းသား/ငါးဈေးဆိုင်ခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း