ရေတာရှည်မြို့နယ်၌ စာရေးဆရာ အောင်သင်းရေးသားသည့် လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရေတာရှည် ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ အောင်သင်းရေးသားသည့် လူငယ်တွေအတွက် လူကြီးတွေရဲ့ ပန္နက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

စာဖတ်ဝိုင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အနာဂတ်ကိုမကြောက်နဲ့ ခေါင်းစဉ်ဖြင့်လည်းကောင်း (Book Club) အဖွဲ့ဝင် ဦးဇော်ဇော်ထွေးမှ သူ့အတွေးကိုယ့်အမြင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Woman Club) အဖွဲ့ဝင် မအေးမြနိုင်မှ ကိုယ်ကျင့်နှင့် ပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ တက်ရောက်လာကြသော ( Book Club) အဖွဲ့ဝင်များက ခေါင်းစဉ်အသီးသီးဖြင့်လည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာဗဟုသုတများစသည်တို့ကို ရရှိသည့်အပြင်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ရေတာရှည် (ပြန်/ဆက်)