ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်ကျူရုံး(ကျေး)ကျောင်းသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ပင်လုံ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်က ပင်လုံမြို့ အမကကျူရုံး(ကျေး)ကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်ဝါသနာရှင်များအား စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်စွမ်းရည်မြှင့်တတ်စေရန်၊ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၎င်းစာအုပ်စာ​​စောင်ငှားရမ်း​​​​​ခြင်းလုပ်ငန်းကို ပင်လုံမြို့ရုံးရှိ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များအားအလှည့်ကျ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)