မြောင်းမြမြို့တွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မြောင်းမြ ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအခြေပြုတီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းကို ယမန်နေ့နံနက် (၁၁း၀၀) နာရီအချိန်က အ.လ.က ဘုရားချောင်း(ရပ်)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း၌ ပါဝင်သော ကျောင်းသား၊ ကျောင်းသူများအား မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်နုယဉ်ဝင်းက တီဘီရောဂါအကြောင်း အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါ သံသယလက္ခဏာများ ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ရာ တီဘီရောဂါသံသယလက္ခဏာတွေ့ရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်တီဘီ တိုက်ဖျက်ရေးဌာနသို့ ညွှန်းပို့ခြင်း၊ တီဘီရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်းတို့ကို ကွင်းဆင်းရှာဖွေဖော်ထုတ်ပေးပြီး ပိုးတွေ့ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်တီဘီတိုက်ဖျက်ရေးဌာနမှ တီဘီဆေး တိုက်ကျွေးခြင်းများကိုစနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇေယျာ(မြောင်းမြ)