ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်‌လေ့ကျင့်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရေဖြူ ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ‌ရေဖြူမြို့၊ (က)ရပ်ကွက်ရှိ စည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဇာတ်တိုက်လေ့ကျင့်ခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌အောင်ကိုမင်း ဦး‌ဆောင်သော သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန် ပြောကြားခဲ့ပြီးနောက် လက်တွေ့မီးငြှိမ်းသတ်မှု ဇာတ်တိုက်‌လေ့ကျင့်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ရေဖြင့်မီးငြှိမ်းသတ်ခြင်းကို ဇာတ်တိုက်လေ့ကျင့်ခဲ့ပြီး မီးဘေးအန္တရာယ်တစ်ခုခု ကြုံတွေ့လာရပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်ရန် (191) စတေကာအပြားများကိုလည်း ထင်ရှားသည့်နေရာများတွင် ကပ်နှိပ်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦး‌အောင်ကိုမင်းထံမှ သိရသည်။

ခတ္တာ