စဉ့်ကိုင် ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူပေါင်း၍ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသည့် "အညတြရ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဒုတိယဥက္ကဋ္ဌ စာရေးဆရာ ဦးအေးကိုကို(ရွှေလွင်ပြင်)က အဆိုပါစာအုပ်မှ "မိဘမဲ့ကြက်တော" ခေါင်းစဉ်ပါအကြောင်းအရာများနှင့် "ဘုန်းကြီးကျောင်းသားကြက်တော" ခေါင်းစဉ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး (Book Club) အဖွဲ့ဝင် ဦးသန်းဌေးက "ကျပန်းအလုပ်သမားကြက်တော" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်စန်း (အဖွဲ့ဝင်)က "ကြက် တော၏စွန့်စားခန်းအမျိုးမျိုး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် (Book Club) အဖွဲ့ဝင်များကလည်း စာအုပ်တွင် ပါဝင်သည့် အခန်းကဏ္ဍများအလိုက် မိမိတို့၏အတွေးအမြင် ရသများအား အသီးသီးပါ၀င်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)