ပြင်ဦးလွင်မြို့နယ် လွန်ကောင်းအ.ထ.က(ခွဲ)တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေး စာပေဟောပြော‌ပွဲ ကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ ၁၁

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာ‌ပေဟော‌ပြောပွဲကို ယမန်နေ့‌နံနက် (၁၀)နာရီအချိန်က မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းအ.ထ.က(ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာပေဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက “ဘ၀လှဖို့စာဖတ်စို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြော ချက်များနှင့် ပတ်သတ်၍ ကျောင်းသား/သူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍  ပြင်ဦးလွင်မြို့နယ် ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်းမှ  ဒေါ်ယဉ်သဇင်ဖူးက ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက်  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် လွန်ကောင်း အ.ထ.က(ခွဲ)မှ ကျောင်းသား/ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသ ပုံပြင်များ ဖတ်ကြားပြခြင်း၊ နံရံကပ်စာစောင်များ၊ သုတ၊ရသစာစောင်များ ခင်းကျင်းပြသ‌ပေးသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/ကျောင်းသူ(၃၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး (ပြန်/ဆက်)