ရေနံချောင်း ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အခြေခံပညာဦးစီးဌာန၏ Grade-5 နှင့် Grade-9 ဆရာ/ဆရာမများ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
သင်တန်းတွင် ရေနံချောင်းမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများကို သင်ကြားပို့ချလျက်ရှိသည့် ဆရာ/ဆရာမများအား ဘာသာရပ်ဆိုင်ရာသင်ရိုးများ သင်ကြားပို့ချရာတွင် နည်းစနစ်မှန်ကန်စေရန်နှင့် အရည်အသွေးကောင်းမွန်စေရန်အတွက် ဗဟိုအဆင့်သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းနည်းပြ ၄၁ ဦးက ပြန်လည်ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နေ့စဉ်နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ မူလတန်းအဆင့် သင်တန်းသား ဆရာ ဆရာမ ၃၅၄ ဦးနှင့် အလယ်တန်းအဆင့် သင်တန်းသား ဆရာ/ဆရာမ ၂၁၀ ဦး စုစုပေါင်း ၅၆၄ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်