လပွတ္တာ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ သပြေချောင်းကျေးရွာအုပ်စု၊ ဒရယ်ဖြူကျေးရွာ၌ ယနေ့နံနက်ပိုင်းက ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို (၃)မိုင်မြို့ ကုတင် (၂၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သီတာအောင်မှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန် ယင်နားစာအပါအဝင် မသန့်ရှင်းသောအစားအစာ စားသုံးခြင်းကို ရှောင်ကြဉ်ပါ၊ သောက်ရေသန့်(သို့မဟုတ်) ရေကိုကျိုချက်၍သောက်ပါ၊ လက်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုပါ၊ ယင်လုံအိမ်သာသုံးစွဲပါ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ပါ၊ ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြသရန် စသည်တို့ကို အသေးစိတ် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)