မိုင်းပန် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်ပန်မြို့နယ် အခြေခံပညာအလယ်တန်းလွန်ကျောင်း(ခွဲ)မြို့မ၏ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို အဆိုပါကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ပွဲတော်တွင် ကျောင်းသား/သူများက စုံညီပွဲတော် ဒို့နွှဲပျော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဆရာကြီးဦးထွန်းနေအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးအောင်က အမှာစကားပြောကြား၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကာယ/ဉာဏ ထူးချွန်ဆုရ ကျောင်းသား/သူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပညာရေးစုံညီပွဲတော် ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီဆောင်ရွက်သော စေတနာရှင်၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဆရာ/မများနှင့် ကျောင်းသား/သူများမှ အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းလွန်ကျောင်း(ခွဲ)မြို့မ၏ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)