ကဝမြို့နယ်တွင် အခြေခံပညာ Grade - 5 သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲ ဆက်လက်ကျင်းပ

ကဝ ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade – 5 သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (ကဝ) ဆရာကျော့ခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade - 5 သင်ယူမှု အရည်အ‌သွေးမြှင့်ဆွေးနွေးပွဲအား နည်းပြ ဆရာ/ဆရာမ (၂၀)ဦးတို့က ဆရာ/ဆရာမ (၂၉၇) ဦးတို့အား ဇန်နဝါရီလ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့အထိ (၄) ရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)