မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ဆေးတက္ကသိုလ် (မန္တလေး) ဆေးပညာပထမနှစ် (၁/၂၀၂၅) ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်
ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးပညာပထမနှစ် (၁/၂၀၂၅) တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီလ (၁၄) ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဆေးတက္ကသိုလ် (မန္တလေး)၊ ဇီဝကခန်းမ (မန်းရတနာပုံ)တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။