မြို့သစ်မြို့နယ် ကျန်းမာရေးဌာနမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ကျန်းမာတက်ကြွသော ဘဝရရှိစေရန်အတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သံဃာတော်များ ဆေးကုသဆောင်၌ ယနေ့ နံနက်ပိုင်းက ပုံမှန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး  “လူငယ်စကားဝိုင်း”ကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် အိုင့်ကျယ်ကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၅၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အိုင့်ကျယ်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိများက ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းမင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းထိ ၅၀ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

မိုင်းကိုင်မြို့နယ်၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေအကြောင်း ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြိုနယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က နိုင်ငံတော်မှပြဋ္ဌာန်းခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာဥပဒေအကြောင်း ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်မူးယစ်ဆေး” အသိပညာပေး Talk Show ပြုလုပ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်မူးယစ်ဆေး” အသိပညာပေး Talk Show ပြုလုပ် လိပ်သို ဇန်နဝါရီ ၁၅ ခင်လေးနွယ်

တောင်ကြီးမြို့၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့၊ Community Centre တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ (၁၅) ရက်၊ နံနက် (၉) နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပသည်။

နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးကြီး အတွင်း/အပြင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအား လိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာသည့်အတွက် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့မစည်ပင်သာယာရေး ဈေးကြီးအတွင်း/အပြင် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to