မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းကြယ်သီးထိုးနည်း (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြား

မြစ်သား ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မနောက်ရပ်ကွက် အတွင်းရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ပန်းကြယ်သီးထိုးနည်း (အခမဲ့) သင်တန်းကို ဇန်နဝါရီလ (၁၄) ရက်နေ့နှင့် (၁၅) ရက် နေ့တို့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမများဖြစ်သော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ထွန်းထွန်း‌မော်တို့က ပန်းကြယ်သီးထိုးနည်း အမျိုးမျိုးကို စာတွေ့/ လက်တွေ့ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းကြယ်သီးထိုးနည်း (အခမဲ့) သင်တန်းသို့ သင်တန်းနည်းပြဆရာမ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်၊ အတွင်းရေးမှူး ဒေါ်ထွန်းထွန်း‌မော်နှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ သင်တန်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)