မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်အတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ဓာတ်သတ္ထု(ရွှေ) ရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်သူများနှင့်တွေ့ဆုံ
မန္တလေးတိုင်းဒေသကြီး၊ သယံဇတရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဓါတ်သတ္ထု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေဇင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်အတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ဓါတ်သတ္ထုရောင်းဝယ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများနှင့်တွေ့ဆုံပြီး ဝန်ဆောင်မှုလိုင်စင်လျှောက်ထားမှုများနှင့်ပတ်သတ်၍ ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။