ချည်မျှင်ရှည်ဝါ Grade ခွဲခြားဝယ်ယူ ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် ဝါစုပေါင်းရောင်းချပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအား ချည်မျှင်ရှည်ဝါ Grade ခွဲခြားဝယ်ယူရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရွှေဒါးသာစည်အုပ်စု၊တိုးပွားကြီး ဝါကြိတ်စက်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။