မြဝတီ ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ မြဝတီမြို့ အခြေခံပညာအထက်တန်းကျောင်း (ဝါးတော) ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းဝင်း၌ ကျင်းပသည်။
ဦးစွာ ဖိတ်ကြားထားသော ဧည့်သည်တော်များက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး Grade-9 မှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” တေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ပေးပြီး မြဝတီမြို့နယ်ပညာရေးမှူး ဦးမိုးကျော်က စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ထက်မြက်နေစေရန် မိဘ၊ ဆရာပူးပေါင်း ဆောင်ရွက်မှသာလျှင် ပညာရေးကဏ္ဍမြင့်မားလာမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသက်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးပြီး ၂၀၂၃-၂၀၂၄ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တို့၌ ကာယ၊ ဉာဏပိုင်းတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမအား မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုများ ပေးအပ်ချီးမြှင့်ပေးပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)