အောင်မြေသာစံ ဇန်နဝါရီ ၁၅
သားဖွားသင်တန်းကျောင်း-မန္တလေး၊ ဘက်စုံသားဖွားဒီပလိုမာ၊ အမှတ်စဉ် (၉) သင်တန်းသူများအား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲနှစ်နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ သားဖွားသင်တန်း ကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က အမှာစကားပြောကြားသည်။
ထို့နောက် သားဖွားသင်တန်းကျောင်း၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များက စင်မြင့်ပေါ်သို့ နေရာယူကြပြီး နိုင်ငံတော်အလံကို အလေးပြုကြသည်။ ထို့နောက် ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ် လက်ခံယူမည့်သူများက သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကတိပြုကြသည်။
ဆက်လက်၍ ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က ဘက်စုံသားဖွားဒီပလိုမာရရှိကြသူများအား အောင်လက်မှတ်များ အပ်နှင်းပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး၊ သားဖွားသင်တန်းကျောင်း-မန္တလေး၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးနှင့် သင်ကြား၊ စီမံဆရာမများ၊ သင်တန်းသူ (၃၃) ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)