ထားဝယ်မြို့တွင် ဥပဒေစာတမ်းဖတ်ပွဲအခမ်းအနားနှင့် နှစ်သစ်လက်ဆောင်ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ထားဝယ် ဇန်နဝါရီ ၁၅

ဥပဒေစာတမ်းဖတ်ပွဲအခမ်းအနားနှင့် နှစ်သစ်လက်ဆောင်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဥပဒေအရာရှိက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက်  ဦးစီးအရာရှိ ဒေါ်မေဖြိုးကျော်၊ ဦးရဲကိုကို၊ ဦးထက်ရှိုင်းအောင်တို့က ဥပဒေစာတမ်းများအား အသီးသီး ဖတ်ကြားခဲ့ကြပြီး တိုင်းဒေသကြီးဥပဒေချုပ်က ဆုရရှိသူ ဦးရဲကိုကို အားဆုချီးမြှင့်ပြီး တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများအားဗလာမပါ ကံစမ်းမဲဖောက်၍ နှစ်သစ်လက်ဆောင်များ ပေးအပ်ခဲ့သည်။

အခမ်းအနားကို တိုင်းဒေသကြီးဥပဒေချုပ်ရုံးက အရာထမ်းများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)