ဟုမ္မလင်းးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်၊ ရေကစားသူများစည်ကား

ဟုမ္မလင်း ဧပြီ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းခရိုင် ဟုမ္မလင်းးမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကာလအတွင်း မိဘပြည်သူများစိတ်အေးချမ်းသာစွာ ရေကစားနိုင်စေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက နောင်ပကျစ်ရပ်ကွက်၊ ကမ်းနားလမ်းမကြီးဘေး (မြို့နယ်ထွေ/အုပ်ရုံးနှင့် မြို့မရဲစခန်းရှေ့) တွင် ကျင်းပသည်။

 အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ်မြတ်မင်းသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းစံလှစိုး၊ ခရိုင်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးရဲဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်အား ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေဖွင့်လှစ်ခဲ့ကြသည်။

အဆိုပါ ရေကစားမဏ္ဍပ်တွင် စတုဒိသာကျွေးမွေးခြင်းများ၊ပျော်ရွှင်စွာရေကစားကြသူများ၊ ရေပက်ခံကားများ၊‌ လမ်းလျှောက်ရေပက်ခံထွက်သူများ၊ မြို့ပေါ်ရပ်ကွက်ပြည်သူများအပြင် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများဖြင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ယိမ်းအဖွဲ့များ၊ တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်