နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားပွဲ တက်ရောက်

နေပြည်တော်ကောင်စီ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားပွဲကို ယမန်နေ့က နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

သုံးခွမြို့နယ်တွင် ဆပ်ပြာခဲအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ဆပ်ပြာခဲအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သုံးခွမြို့မ‌ဈေးကြီးအတွင်းရှိ‌ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်း မြို့နယ်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community-Centre) ခန်းမတွင် ယမန်နေ့ ညနေ (၃) နာရီခွဲအချိန်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ မဲဆန္ဒရှင်များ၏ မဲစာရင်းများ လွယ်ကူစွာ ရှာဖွေနိုင်စေရန် Android Tablet PC များ ပေးအပ်

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်စေရန် မဲရုံမှူး၊ ဒုမဲရုံးမှူးများနှင့် မဲရုံတာဝန်ကျသူများနှင့်တွေ့ဆုံ၍ မဲဆန္ဒရှင်များ၏ မဲစာရင်းများ လွယ်ကူလျှင်မြန်စွာ ရှာဖွေနိုင်စေရန် Android Tablet PC များကို ယမန်နေ့မွန်းလွဲ ၂ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပေးအပ်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာ မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များက ထုတ်ယူ၍တာဝန်ကျရာမဲရုံအသီးသီးသို့ ထွက်ခွာ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များမှ ရွေးကောက်ပွဲဆိုင်ရာမဲပေးစက်များ၊ မဲရုံသုံးဆက်စပ်ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်ပိုင်းက ထုတ်ယူပြီး တာဝန်ကျရာမဲရုံအသီးသီးသို့ ထွက်ခွာသွားကြသည်။

ရွှေတောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က မင်းတဲကျွန်းနှင့် အ.မ.က ကမ်းနားတို့တွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။

မူဆယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အင်တောမြို့၌"ဒို့အတူတူမဲပေးကြမယ်"အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)တွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များကို ယ‌နေ့နံနက် ၇ နာရီက မြို့မဈေး၊ ရပ်စောက်-အင်တော-နောင်ချိုကားလမ်းမရှိ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ရေထိန်းတမံ၊ ရေထိန်းတံခါးစီမံကိန်းများ၊ မြစ်ရေနှင့်ထိစပ်သည့် မြို့ဧရိယာတစ်လျှောက်လုံးတွင် ကမ်းနားလမ်းဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်တရားလွှတ်တော်ရုံး တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင် ၂၀၂၄ ခုနှစ်က ဧရာဝတီမြစ်ရေ စံချိန်တင်ကြီးမြင့်မှုကြောင့် မြို့ဧရိယာ၏ ၄၀ ရာခိုင်နှုန်း နီးပါးရေကြီးနစ်မြှုပ်ခဲ့သည့်အပြင် ဘီလီယံပေါင်းများ စွာဆုံရှုံးခဲ့ရသဖြင့် နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ ကျောက်စီရေထိန်းတမံ၊ ရေထိန်းတံခါးများနှင့် ကမ်းနားလမ်းဖောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to