ခမောက်ကြီးမြို့တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရေးစုံညီပွဲတော် ကျင်းပ

ခမောက်ကြီး ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ကျောင်းကွင်းပြင်တွင် ဇန်နဝါရီ(၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့(၂)ရက်တာ ကျင်းပပြုလုပ်ခဲ့ရာ ပထနေ့ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ ခမောက်ကြီးကျောင်းနာယကဆရာတော်၊ မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မိဘ၊ ဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ဆရာမများနှင့် ထူးချွန်ကျောင်းသား၊ကျောင်းသူများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပထမနေ့ အခမ်းအနားတွင် တာဝန်ရှိသူများက အခမ်းအနားအား ဖဲကြိုးဖြတ်၍  (Grade-11)ကျောင်းသား‌၊‌ ကျောင်းသူလေးများ "ပညာရေးစုံညီပွဲတော်"အဖွင့်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးတင်ကြိုင်က ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ပညာရည်ချွန်ဆုများနှင့် အထိမ်းအမှတ်နေ့များအား ဂုဏ်ပြုကျင်းပခဲ့သည့် စာပေ၊ ကာယ၊ ဉာဏ၊ အနုပညာကဏ္ဍအသီးသီးတွင် ဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများအား အ.ထ.က ခမောက်ကြီးကျောင်း နာယကဆရာတော်၊ မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များက ဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများက အကပဒေသာ တေးသရုပ်ဖော်များဖြင့် တင်ဆက်ကပြဖျော်‌ဖြေ၍ ပထမနေ့‌တွင် ဆုချီးမြှင့်ပွဲ၊ ဒုတိယနေ့တွင် ဖျော်ဖြေပွဲအစီအစဉ်ဖြင့် ပညာရေးစုံညီပွဲတော်အား (၂)ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)