ဖျာပုံ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် (၁) နှစ်မှ (၅) နှစ်အထိ ကလေးငယ်များအား Big catch up အမှီလိုက်ကာကွယ်ဆေးများအား ယနေ့နံနက် (၁၀) နာရီအချိန်ကဖျာပုံမြို့နယ်အတွင်း စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ Big catch up အမှီလိုက်ကာကွယ်ဆေး စတင်ထိုးနှံပေးရာသို့ ဖျာပုံပြည်သူ့ ဆေးရုံကြီးမှဆေးရုံအုပ်ကြီးဒေါက်တာရဲဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊အမျိုးသမီးရေးရေးရာအဖွဲ့တာဝန်ရှိသူများမှ ကာကွယ်ဆေးထိုးနှံရာ စုရပ်များသို့ လှည့်လည်ကြည့်ရှုအားပေးကြပြီး ကာကွယ်ဆေးအား ယနေ့ဇန်နဝါရီ (၂၀) ရက်မှ (၂၆) ရက်နေ့ အထိ (၁) ပတ်တာတွင် မြို့နယ်အတွင်း နေရာအနှံ့အပြား၌ ဆေးထိုးရန်လိုအပ်သည့်ကလေးများအား ထိုးနှံပေးခြင်းဖြစ်ပြီး ယခုထိုးနှံလျက်ရှိသည့်ကာကွယ်ဆေးသည် ပုံမှန်ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသူများနှင့် အကြိမ်ပြည့်မထိုးနှံရသေးသော အသက် (၁) နှစ်မှ (၅) နှစ်အတွင်းရှိ ကလေးငယ်များအား ထိုနှံပေးခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယအကြိမ်ကို (၁-၃-၂၀၂၅) မှ (၇-၃-၂၀၂၅) ထိလည်းကောင်း၊ တတိယအကြိမ်ကို (၁-၅-၂၀၂၅) မှ (၇-၅-၂၀၂၅) ရက်နေ့ထိလည်းကောင်း (၃) ကြိမ်တိုင်တိုင် မြို့နယ်အတွင်း (၁) နှစ်မှ (၅) နှစ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော ကလေးငယ်များနှင့်ကာကွယ်ဆေးမပြည့်မီလိုက်သော ကလေးငယ်များအား ကာကွယ်ဆေး ဆက်လက်၍လိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဖျာပုံပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)