အရာတော် ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆာဆာကာဝါခန်းမတွင် အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် လိုအပ်သောကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီမှ စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ Catch-up နည်းလမ်းဖြင့် အမှီလိုက် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးရာတွင် အသက် (၁) နှစ်မှ (၅) နှစ် အရွယ်ကလေးများအနက် ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးး တစ်ကြိမ်မျှမရရှိသေးသည့် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးတို့ကို ထိုးနှံ/တိုက်ကျွေးပေးရာ ပထမအကြိမ်တွင် ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၂၆) ရက်ထိ လည်းကောင်း၊ ဒုတိယအကြိမ်တွင် မတ်လ (၁) ရက်နေ့မှ (၇) ရက်နေ့ထိ လည်းကောင်း၊ တတိယအကြိမ်တွင် မေလ (၁) ရက်နေ့မှ (၇) ရက်နေ့ထိ ကာကွယ်ဆေးတို့ကို ဆက်လက်ထိုးနှံ တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
ခရိုင် (ပြန်/ဆက် )