မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်နှင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကိုယနေ့ နံနက် ၉ နာရီခွဲက မိုင်းခုတ်မြို့ရှိ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။