ပခုက္ကူမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပခုက္ကူ ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)မြို့မစည်ပင်သာယာဈေးကြီး၌ ယနေ့နံနက် ၈ နာရီအချိန်က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ဈေးရုံကိုယ်စားလှယ်များပူးပေါင်း၍  အမှတ်(၁) မြို့မစည်ပင်သာယာဈေးကြီးအတွင်း/ အပြင်ရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာ ကွယ်ရေး၊ စွန့်ပစ်ပစ္စည်းလျှော့ချရေးဆိုင်ရာ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းအစီအစဉ်များ၊  ပလတ်စတစ်အစားထိုးပစ္စည်းများ၊ သန့်ရှင်းလတ်ဆတ်သော အသား/ငါး၊ အသီးအရွက်နှင့် စားသောက်ကုန်ပစ္စည်းများရောင်းချရေးနှင့် ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်မှုအား အလေးထားဆောင်ရွက်ရေးတို့ကို အသိပညာပေးရှင်းလင်း ဟောပြောကြသည်။

ယင်းနောက် ဈေးရောင်းဈေးဝယ်ပြည်သူများထံ သဘာဝပတ်ဝန်းကျင်ကာ ကွယ်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်လျှော့ချသုံးစွဲရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူစသည့် ပလတ်စတစ်အစားထိုးပစ္စည်းများကို လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)