တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ပုံမှန်ငှားရမ်းပေးလျက်ရှိ

တောင်တွင်းကြီး ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နံနက် () နာရီခွဲမှ ညနေ () နာရီခွဲအထိ နေ့စဥ်စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိရာ သုတ၊ ရသ စာစောင်များ၊ ရုပ်ပြစာစောင်များအား ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကို နွေရာသီပိတ်ရက်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးပြုတက်စေရန် စာကြည့်တိုက်တွင်း ဖတ်ရှုခြင်း(သို့မဟုတ်) စာအုပ်စာစောင်များ လာ​ရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် နေ့စဥ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူ ရင်သွေးငယ်များ၊ လူငယ်လူရွယ်များအား စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာဗဟုသုတ ကြွယ်ဝပြီး ဉာဏ်ရည် ဉာဏ်သွေးများ တိုးတက်လာစေရန်၊ စာပေဗဟုသုတ ကြွယ်ဝပြည့်စုံသော လူငယ်များဖြစ်စေရန်ရည်ရွယ်၍ နေ့စဥ် တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန်အတွင်း ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိကာ သုတ၊ ရသ၊ ရုပ်ပြ စာစောင်များ အသိပညာဗဟုသုတ ရရှိစေမည့် စာအုပ်စာစောင်များကို ရုံးအတွင်း ဖတ်ရှုခြင်း၊ ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)