သမိုင်းဝင်‌မွေတော်ကက္ကူဘုရား၌ နှစ်ဆန်း ၁ ရက်နေ့တွင်  ဘုရားဖူးပြည်သူများဖြင့် စည်ကား

ကျောက်တလုံး ဧပြီ ၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ရှိ သမိုင်းဝင်မွေတော်ကက္ကူ ဘုရားသို့ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့တွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ရပ်နီး၊ ရပ်ဝေးမှပြည်သူများအနေဖြင့် ဘုရားသွားကျောင်းတက် ကုသိုလ်ပြုလုပ်ငန်းများ ရိုးရာအစဥ်အလာမပျက်ရေကစားပွဲတော်များ ဆင်နွှဲခဲ့ကြပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ကျောက်တလုံးမြို့ရှိ မွေတော်ကက္ကူဘုရားသို့ လာရောက်၍ ဘုရားဖူးကုသိုလ်ယူကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းကပ်လှူ‌ပူဇော်ကြသူများ မွေတော်ကက္ကူကျောင်းတိုက်ဆရာတော်အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းကြသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိကြကြောင်း သိရသည်။

ဇော်နိုင်လင်း