မော်လမြိုင် ဧပြီ ၁၇
မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ကမ်းနားလမ်းဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့်ဇနီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ဌာနဆိုင်ရာများ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲ၀င်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗဟိုမဏ္ဍပ်တွင် ပျော်ရွှင်စွာရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သကဲ့သို့ မေတ္တာတရား၊ ခွင့်လွှတ်တတ်မှုနှင့် ကူညီရိုင်းပင်းတတ်မှုတို့ကို ဖော်ထုတ်ပြသသော အခါသမယလည်း ဖြစ်ကြောင်း၊ နှစ်ဟောင်းမှ အမှားများကို သင်ခန်းစာယူ၍ နှစ်သစ်တွင် ပိုမိုကောင်းမွန်သော စိတ်ဓာတ်များဖြင့် စတင်ရန် သင်္ကြန်ကာလသည် အလွန်သင့်တော်သော အချိန်ကာလတစ်ခုဖြစ်ကြောင်း၊ သင်္ကြန်ကာလသည် ပျော်ရွှင်မှုသာမက ကုသိုလ်ကောင်းမှုများ ပြုလုပ်ရသော ကာလလည်းဖြစ်သကဲ့သို့ သက်ကြီးရွယ်အိုများကို ကန်တော့ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ လိုအပ်သူများကို ကူညီခြင်း၊ ဘုရားတရားကို ကိုးကွယ်ခြင်းတို့သည် မြန်မာလူမျိုးတို့၏ ကောင်းမြတ်သော အစဉ်အလာများဖြစ်၍ ဤကောင်းမွန်သော အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းတကျ၊ အေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော တာဝန်ရှိသူများ၊ စေတနာရှင်များနှင့် ပြည်သူများအားလုံးကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်း၊ မဟာသင်္ကြန်အခါသမယမှ စတင်၍ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ ဘဝများတွင် ကောင်းခြင်းမင်္ဂလာများ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှစ်သစ်ကို အတူတစ်ကွ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ကြိုဆိုနှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များနှင့် ပြည်သူများအား အတာရေများ ပက်ဖျန်းပေးခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၏ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များ၊ ပြိုင်ပွဲ၀င် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးယိမ်းအဖွဲ့တို့ဖြင့် သင်္ကြန်ကာလအတွင်း ကျင်းပခဲ့ပြီး ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန်နှင့် လမ်းလျှောက်သင်္ကြန်တွင်လည်း လုံခြုံရေးများ နေ့စဉ်ချထားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)