မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ကြိုဆို

မိုင်းယန်း       ဧပြီ     ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အောင်ပွဲရ ပြင်ဦးလွင်-နောင်ချိုဒေသ ရှေ့တန်းပြန်တပ်မတော်သားများ ကြိုဆိုပွဲကို ဧပြီ ၁၆ ရက် နံနက် ၁၀ နာရီခွဲက ပြုလုပ်သည်။

အဆိုပါ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများ ကြိုဆိုရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် အရာရှိကြီးများ၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းခတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်း၊ မိုင်းယန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ မိုင်းယန်းတပ်နယ်မှ အရာရှိ/စစ်သည်များ၊ အိမ်ထောင်သည်မိသားစုဝင်များ၊ မိုင်းခတ်-မိုင်းယန်းတပ်နယ်များမှ ပြည်သူ့စစ်(ဌာန)တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်ရင်းသားများတို့မှ အိုးစည်ဗုံမောင်းများ၊ ပန်းကုံးများ၊ အောင်သပြေများဖြင့် တက်ရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး