မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းနားတက်ရောက်

မကွေး ဧပြီ ၁၇

ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့ ကမ်းနားလမ်းရှိ We Love Magway ကျောက်သားပန်းခြံအနီး ဧရာဝတီမြစ်ကမ်းနံဘေး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကိုနှင့်ဇနီး၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်ဇနီး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တောင်တွင်းကြီးမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့မှ ငါးသားပေါက်စခန်းများတွင် မွေးမြူထားသော ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၁) သောင်း၊  ရွှေဝါငါးသားပေါက်ကောင်ရေ (၂) သောင်း၊ ငါးခုတ်မငါးသားပေါက်ကောင်ရေ (၂) သောင်း၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ (၅) သောင်းအား ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးများကို ဧရာဝတီမြစ်အတွင်း လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)