ကျောက်တလုံးကြီးမြို့၌  မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ဥပုသ်သီလဆောက်တည်ကြသူများဖြင့် စည်ကား

ကျောက်တလုံး ဧပြီ ၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့တွင် ဘုရားသွား‌‌ကျောင်းတက် ဥပုသ်သီလဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း ဘုရားသွားကျောင်းတက် ကုသိုလ်ပြုလုပ်ငန်းများ၊ ဥပုသ်သီလဆောက်တည်ကြခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ စတုဒိသာကျွေးမွေးခြင်းများကို နှစ်စဉ်ရိုးရာအစဉ်အလာမပျက် ဆောင်ရွက်လျက်ရှိကြပြီး မိမိဒေသရှိဘုန်းတော်ကြီးကျောင်းများအပြင် အခြားဒေသများရှိ ဘုန်းတော်ကြီးကျောင်းများသို့လည်း ကုသိုလ်ပြုလုပ်ငန်းများ သွားရောက်၍ ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

ဇော်နိုင်လင်း