နောင်ချိုမြို့၌ ၁၃၈၇ခုနှစ် မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲကျင်းပ

နောင်ချို ဧပြီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၁၃၈၇ခုနှစ် မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက်က နောင်ချိုမြို့စွယ်တော်ရိပ်ကားဝင်းအတွင်းရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားတွင် အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးသိန်းသန်းဦးက နှစ်သစ်ကူးအမှာစကားပြောကြားပြီး ပါဝင်အားဖြည့် တီးခတ်ပေးသည့် မြန်မာ့ဆိုင်းဝိုင်းအဖွဲ့၊ တီးဝိုင်းအဖွဲ့၊ ယိမ်းအဖွဲ့များအား  ဆုတော်ငွေများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခဲ့ပြီး အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် ဧည့်သည်တော်များက ယိမ်းအဖွဲ့နှင့် တက်ရောက်လာသူများအား အမွှေးနံ့သာရေဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း မြန်မာ့ရိုးရာအတာသင်္ကြန်ဖြစ်မြောက်ရေး ဦးစီးကော်မတီထံမှ သိရသည်။

မြို့နယ်၊ပြန်/ဆက်