ပင်လောင်း ဧပြီ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယနေ့မွန်းလွဲ ၁ နာရီကစတင်ကာ မြို့ပတ်လမ်းနှင့် လွိုင်ကော်လမ်းမကြီးအတိုင်း ရင်းမှီးရပ်ကွက်အထိ ဆရာတော်၊ သံဃာတော်များက ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းသိရသည်။
ထို့နောက် မွန်းလွဲ ၃ နာရီက ဘက်စုံသုံးခန်းမတွင် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်း ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများက ဩကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးကန်တော့ကြပြီး နမ့်ဟူးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တလာဘသာမိထံ ငါးပါးသီလခံယူဆောက်တည်ကြကြောင်းသိရသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များက မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လှူဖွယ်ပစ္စည်းများ၊ ဝထ္တုငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြရာ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်