ငါးသိုင်းချောင်းမြို့၌ကျောင်းအခြေပြု တီဘီရောဂါစမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို  အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ စမ်းသပ်ရှာဖွေ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံ ၆၃၀၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်  ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၆၃၀၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

အုတ်တွင်းမြို့နယ် ခင်တန်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်(၉) နာရီအချိန်က အုတ်တွင်းမြို့နယ်၊ ကြွယ်ဂံကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာ၊ဘဝအဖော်မွန် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟဲဟိုးမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်း၌ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီဌာန ပြည်နယ်ရုံးခွဲ (အောင်ပန်း)မှ ဦးဆောင်ကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၆၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၅)ကြိမ်မြောက် စိန်ရတု ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ကြီးမှူးကျင်းပသော (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် စာမေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်အတွင်းရှိ စာဖြေဌာနခွဲ (၁၈)ခု၌ ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ နှစ်သစ်ကူးတရားအလှူတော် ကျင်းပပြုလုပ်မည်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍  နှစ်သစ်ကူးတရားအလှူတော်ပွဲကြီးကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ ၃ ည တိုင်တိုင်  ည(၇)နာရီအချိန်တွင် ပဲခူးမြို့ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ဆင်ယင်ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဟိုပုံးမြို့နယ်၌  ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၆) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၆/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(ခွဲ)လ-၂၅ ကျောင်းတွင်   စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာမှုအား ကောင်းလာစေရန်နှင့် မိမိတို့အတွေးအမြင် ဗဟုသုတများကို အချင်းချင်းမျှဝေ‌ ဆွေးနွေးဖလှယ်တတ်စေရန် ရည်ရွယ်၍ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ  အ.ထ.က (ခွဲ) လ-၂၅ ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်ကြီးတံခွန်မြို့နယ်ရှိ အဆိုပါကျောင်းခန်းမကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်၌ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အကြို ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့အဝင် ပန်းခြံရှေ့၌ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အကြို ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့ နံနက်(၇)နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီမဟာမင်္ဂလဇောတိက ဦးစောမြင့်ဦး နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မြို့နယ်အား/ကာ ဦးစီးမှူး ဒေါ်မိနန္ဒာမွန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ရွှေဘိုကျေးရွာ၌ မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ တောင်သူပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၆ ရက်နေ့က ပွင့်ဖြူမြို့နယ် ရွှေဘိုကျေးရွာ ပြည်လုံးချမ်းသာမုန်းစက်တော်ရာစေတီတော်မြတ်ကြီးတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to