တာချီလိတ်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် မတည်ပြီး ကျေးရွာသူ/ကျေးရွာသားများ ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော် စံပြကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ရေတာရှည်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် VDP စီမံကိန်းဖြင့်ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌နိုင်ငံတော်ရန်ပုံ ငွေကျပ်သိန်း(၁၅၀) ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၁၆၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့​သောတောင်နန် ချွန်ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန် နေ့နံနက်(၉)နာရီအချိန်က တောင်နန်ချွန် ကျေးရွာတွင် ကျင်းပခဲ့သည်။

ပေါင်းတည်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု အဆုပ်တီဘီရောဂါ ရှာ‌ဖွေရေးလှုပ်ရှားမှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ အခြေခံပညာအခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြုအဆုပ်တီဘီ‌ရောဂါရှာဖွေရေး လှုပ်ရှားမှုကို ယနေ့ နံနက်၉ နာရီအချိန်တွင် လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် (၇၅) ကြိမ်မြောက် ၃၈ ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆို

 မွန်ပြည်နယ် ဘီးလင်းမြို့နယ် တွင် (YMBA)အသင်းမှ ကြီးမှူးကျင်းပသော (၇၅) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက စာစစ်ဌာနအသီးသီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)မှ ကြီးမှူးကျင်းပသော(၇၅)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆိုနေမှု ကြည့်ရှုအားပေး

ကျောင်းသား/သူ၊ လူငယ်လူရွယ်များ ဘာသာတရားကိုင်းရှိုင်းပြီး ယဥ်ကျေးလိမ္မာစေရန်၊ လူငယ်များတွင် တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီသည့်စိတ်၊ ရိုးရာယဥ်ကျေးမှုကို မြတ်နိုး ထိန်းသိမ်းသည့်စိတ်၊အမျိုးအနွယ်ကို စောင့်ထိန်းသည့်စိတ်ဖြင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှ ကြီးမှူးကျင်းပသော (၇၅) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ဒီဇင်ဘာ ၂၇ ရက်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ချောင်းဆုံမြို့နယ် ကညှော်တိုက်ကျောင်း၌ မွန်ဘာသာဖြင့်လည်းကောင်း၊ ကညှော်အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ကျောင်း သား၊ ကျောင်းသူများ၏  (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်တပ်စု(အဖွဲ့ငယ်)မှ ဖျော်ဖြေပွဲ တင်ဆက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်တပ်စု (အဖွဲ့ငယ်)မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ အရာခံ၊ အကြပ်တပ်သား မိသားစုဝင်များအား ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

​ဖြူးမြို့နယ်တွင် စားသုံးဆီဖူလုံရေး ဆောင်းနေကြာစိုက်ပျိုးမှု(၇၁၆၈)ဧက လျာထား စိုက်ပျိုးထားရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊နှမ်း၊ နေကြာများ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးစပါးစိုက်ပျိုးပြီး ဆောင်းနေကြာ (၇၁၆၈) ဧက လျာထားစိုက်ပျိုးခဲ့ရာ သီးသန့်စိုက်ပျိုးမှု (၅၇၀)ဧက၊ မြေပဲ၊မတ်ပဲ၊ ပဲတီစိမ်းပဲများနှင့်ရော၍ သီးညှပ်စိုက်ပျိုးမှု (၆၅၉၈)ဧ​က၊စိုက်ပျိုးထားခဲ့ရာ ရာနှုန်းပြည့်စိုက်ပျိုးထားနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာရှိ စီးပွားဖြစ်ကြံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံáတောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဒေသခံတောင်သူအချို့အနေဖြင့် ကြံသီးနှံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း  ကျည်တောင်ကန်ကျေးရွာမှ စိုက်ပျိုးရေးတောင်သူ ဦးဇော်မင်းထံမှ သိရသည်။

လွိုင်လင်မြို့တွင် ဆောင်းသီးနှံနေကြာ စိုက်ပျိုးဖြစ်ထွန်းမှုကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု ကွင်းအမှတ်(ကွင်းပြင်ပ) ဦးပိုင်အမှတ် (N-1) တောင်သူ ဦးစိုင်းဝမ်း၏  ဧရိယာ (၁.၀၀) ဧကရှိ ယာမြေပေါ်တွင် မိုးသီးနှံအစေ့ထုတ်ပြောင်း စိုက်ပျိုးရိတ်သိမ်းပြီး ဆောင်းသီးနှံနေကြာ (ဆင်းရွှေကြာ-၂) သီးထပ် စိုက်ပျိုးအောင်မြင်နေမှုကို တာဝန်ရှိသူများမှ ယမန်နေ့ နံနက်ပိုင်းတွင် ကွင်း‌‌ဆင်းကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။
Subscribe to