ငါးသိုင်းချောင်းမြို့၌ကျောင်းအခြေပြု တီဘီရောဂါစမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို  အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်

ငါးသိုင်းချောင်း  ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ စမ်းသပ်ရှာဖွေ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာ ဦးသန့်ဇော်ထွန်း၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အဆိုပါကျောင်းသို့ ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါ လက္ခဏာများနှင့် တီဘီရောဂါဖြစ်ပွား စေတတ် သော အကြောင်းအရာများအား မေးမြန်းခြင်းနှင့်တီဘီရောဂါ ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့ဆောင်ရွက်ခြင်းကို ငါးသိုင်းချောင်းမြို့အတွင်းရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကိုတီဘီရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန်နှင့် တီဘီရောဂါပိုး စောစီးစွာရှာဖွေဖော်ထုတ်ကုသနိုင်ရန်ရည်ရွယ်ပြီး  ကျန်ရှိသည့်ကျောင်းများကိုလည်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)